ရန်ကုန်အတွင်းအိမ်ခြံမြေခြံ |ရောင်းရန် နှင့် ဌားရန်အိမ်ခြံမြေခြံ

16822 အိမ်ရာမြေကွက်တိုက်များ ဖော်ပြပေးနေပါသည်9103 (၀ယ်ယူရန်)7719 (ငှားရမ်းသည်)

We add new listings every day. See them first!

သင်ရှာဖွေထားသော

18.0 Lks တက္ကသိုလ်ရိပ်မွန် (A)၊အေးရိပ်သာ (၁)လမ်း ၊ ဗဟန်း မြို့ နယ် အတွင်းရှိငှားမည့် 1350 စတုရန်းပေကျယ်ဝန်းသော ကွန်ဒိုအခန်း

လစဉ်ငှားရမ်းခ

14.0 Lks Delta Plaza,ရွှေဂုံတိုင်လမ်းမ ၊ ဗဟန်း မြို့ နယ် အတွင်းရှိငှားမည့် 1650 စတုရန်းပေကျယ်ဝန်းသော ကွန်ဒိုအခန်း

လစဉ်ငှားရမ်းခ

50.0 Lks မင်းဓမ္မလမ်း ၊ မရမ်းကုန်း မြို့ နယ် အတွင်းရှိငှားမည့် 2400 စတုရန်းပေကျယ်ဝန်းသော ကွန်ဒိုအခန်း

လစဉ်ငှားရမ်းခ

ဈေးနှုန်းသိရှိရန်ရောင်းချ သူနှင့်ဆက်သွယ်ပါ အမှတ် ၂၂ ဒေါနလမ်း၊ပုဇွန်တောင်ရှိရောင်းမည့်တိုက်ခန်းများ

ခေါင်းစဉ် (မြန်မာ)‎ အမျိုးအစား ဈေးနှုန်း (သိန်း)

22.0 Lks မြောက်ဒဂုံ ရွှေပင်လုံအိမ်ရာအတွင်းရှိ အဆင့်မြင့် RC ၂ ထပ်တိုက် အလွန်တန်သောဈေးဖြင့်ငှားရမ်းရန်

လစဉ်ငှားရမ်းခ

2,000.0 Lks မရမ်းကုန်းလမ်းသန့် ၊ မရမ်းကုန်း မြို့ နယ် အတွင်းရှိရောင်းမည့် 1500 စတုရန်းပေကျယ်ဝန်းသော မြေကွက်ပေါ်တွင်တည်ဆောက်ထားသည့် လုံးချင်းအိမ်

We add new listings every day. See them first!

ရန်ကုန်

ရန်ကုန်မြို့ ဟာ မြန်မာပြည်ရဲ့  မြို့ တော်တစ်ခုအဖြစ် တည်ရှိနေပါသေးတယ်။ နေပြည်တော်ကို မြို့ တော်အဖြစ် သတ်မှတ်လိုက်ပေမယ့် ရန်ကုန်မှာပဲ အချက်အချာကျတဲ့ စီးပွားရေး အဆောက်အအုံများ၊ လုပ်ငန်းများ တည်ရှိနေဆဲမို့လို့ ဖြစ်ပါတယ်။

Living in Yangon

ယင်းအချက်က ရန်ကုန်ကို မြန်မာပြည်မှာ လူနေအထူထပ်ဆုံး မြို့ တစ်ခု ဖြစ်စေပါတယ်။ မြို့ နယ်ပေါင်း ၃၃ ခုရှိပေမယ့် မြို့ နယ် ၂၀ ကျော်လောက်ကိုပဲ ရန်ကုန်ရဲ့  မြို့ အဖြစ် သတ်မှတ်ထားတာပဲ။ အဲ့ဒီထဲမှာ ကြိမ်းသေပါတဲ့ မြို့ များ ကတော့ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ တာမွေ၊ သင်္ဃန်းကျွန်း ၊ ဒဂုံ၊ မရမ်းကုန်း၊ လှိုင်၊ လသာ၊ ဗိုလ်တစ်ထောင်၊ တောင်ဥက္ကလာ တို့ ဖြစ်ပါတယ်။ ရန်ကုန်ဟာ တကယ်နေချင်စရာ မြို့ လေးတစ်ခုပါပဲ။ အကြောင်းကတော့ ရန်ကုန်ဟာ အောင်မြင်ချင်တဲ့သူတွေ၊ အနာဂတ်ကို ပုံဖော်ထုစစ်လိုတဲ့ လူငယ်၊လူကြီး အားလုံးအတွက် အကောင်းဆုံးသော နေရာဒေသ တစ်ခု ဖြစ်ပါတယ်။ ရာသီဥတုလည်း ကောင်းပါတယ်။ အပူပိုင်းဒေသလို့ဆိုပေမယ့် ဆောင်းရာသီမှာလည်း အအေးဓာတ်ရပါတယ်။ မိုးရာသီမှာလည်း မိုးများများ ရွာတာမို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလည်း မြို့ အစွန်တွေဘက်မှာ ဖြစ်ထွန်းပါတယ်။

အိမ်၊ခြံ၊မြေ ဈေးကွက်

အိမ် ခြံ၊ ၊မြေ တိုက်ခန်း နဲ့ ကွန်ဒို ဈေးကွက်ကတော့ ရန်ကုန်ဟာ မြန်မာပြည်မှာ ဈေးအကြီးဆုံးပါပဲ။ အကြောင်းကတော့ လူနေထူထပ်ခြင်းကြောင့်ပါပဲ။ ဒါ့အပြင် အရောင်းအဝယ် အရမ်းများတာကြောင့်လည်း ဈေးက တက်မြဲတိုင်းတက်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ Yangon City Viewဝယ်မနေနိုင်တာတောင် ငှားနေတာကလည်း ရန်ကုန်ရဲ့ အလေ့အထပါပဲ။ ရန်ကုန်ရဲ့  လူဦးရေ တစ်ဝက်လောက်က အိမ်အပိုင် ရှိသူများ ဖြစ်ပေမယ့် တစ်ဝက်လောက်ကတော့ ရွှေ့ ပြောင်းနေထိုင်သူများ ဖြစ်ပါတယ်။ ရွှေ့ ပြောင်းနေထိုင်တယ်ဆိုတာ ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းလို့ လာရောက်သူများဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ငွေကြေးအဆင်မပြေလို့ ရန်ကုန်မှာ အတည်နေပေမယ့် အိမ်အပိုင် မရှိခြင်း ဖြစ်ပါတယ်။ သိန်း ဆယ်ဂဏန်းလောက် ရှိရင် ရန်ကုန် မြို့  အစွန်တွေဘက်မှာ၊ မြို့ သစ်တွေဘက်မှာ မြေကွက်ဝယ်ခြင်းကလည်း ရန်ကုန်နေပြည်သူတို့ရဲ့ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ စက်မှုဇုန်တွေဘက်မှာလည်း မြေဝယ်၊ ဂိုဒေါင်ဝယ်ခြင်း၊ ငှားခြင်း လုပ်ငန်းများ ခေတ်စားပါတယ်။

နေထိုင်ချင်စရာ ဖြစ်ရခြင်း

ရန်ကုန်က အားလုံးစုနေပါတယ်။ အားလုံးဆိုတာ နည်းပညာဆိုင်ရာ လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ပညာရေး လုပ်ငန်း၊ လူမှုရေး လုပ်ငန်း၊ အနုပညာလုပ်ငန်း အပြင် အခြားသော လုပ်ငန်း များ စုဝေးရာ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ဒီတော့ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ အေးအေးချမ်းချမ်းနေထိုင်နေကြတဲ့ မြို့ ကြီး ဖြစ်ပါတယ်။ လူနေထူထပ်တော့ ကားကြပ်ပါတယ်။ ကားကြပ်တာ တစ်ခုက ပြောစရာ ဖြစ်နေပေမယ့် အိမ်ပြန်ရောက်လို့ မိသားစုနဲ့ နားလိုက်ရတဲ့အခါ တစ်နေ့တာ ပင်ပန်းမှုတွေ ပျောက်သွားတာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ် လုပ်ငန်းခွင် ဝင်ကြ၊ လစာထုတ်ကြ၊ စရိတ်တွေ မျှသုံးကြ၊ လှူကြ၊တန်းကြနဲ့ ရန်ကုန်မြို့ ကြီးဟာ တိုးတက် ပြောင်းလဲလာတာတော့ အမှန်ပါပဲ။

၂၀၁၂ ကစလို့ ပြောင်းလဲတိုးတက်လာတဲ့ စီးပွားရေး အဆောက်အအုံများ၊ စီးပွားရေး လုပ်ငန်းများက ရန်ကုန်ကို စီးပွားရေး လုပ်ချင်စရာ အကောင်းဆုံး မြို့ များထဲမှာ တစ်ခုအထိသို့ ဖြစ်လာစေခဲ့ ပါတယ်။ ဒီတော့ ရန်ကုန်မှာ နေထိုင်ဖို့ ရွေးချယ်ခြင်းက အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။ ရောင်းဖို့ပဲ ဖြစ်ဖြစ်၊ ဝယ်ဖို့ပဲ ဖြစ်ဖြစ်၊ ငှားဖို့ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အချက်အလက်များကို House.com.mm မှ အားလုံး အရည်အသွေး စစ်ထုတ် တင်ပေးထားတာမို့ အသုံးပြုလို့ အဆင်ပြေဖို့ မျော်လင့် ပါတယ်။ .